back

မက်ဆီကို လက်ဆွဲနှုတ်ဆက်ခွင့်ရဖို့ ရူပီးတစ်သန်းအထိ စျေးပေါက်

Dec 17 • 2:32 AM

breaking-news

မြန်မာ

ပြည်ပ

cover

မက်ဆီကို လက်ဆွဲနှုတ်ဆက်ခွင့်ရဖို့ ရူပီးတစ်သန်းအထိ စျေးပေါက်

အိန္ဒိယနိုင်ငံဆီကို မက်ဆီ ရောက်ရှိလာခဲ့တဲ့ အလည်အပတ်ခရီးစဉ်မှာ မက်ဆီနဲ့ သီးသန့်တွေ့ဆုံပွဲ အထူးအစီအစဉ်တစ်ခုရှိခဲ့ပြီး အဲ့ဒီအခမ်းအနားအတွက် လက်မှတ်တစ်စောင် ပေါက်ဈေး...

အိန္ဒိယနိုင်ငံဆီကို မက်ဆီ ရောက်ရှိလာခဲ့တဲ့ အလည်အပတ်ခရီးစဉ်မှာ မက်ဆီနဲ့ သီးသန့်တွေ့ဆုံပွဲ အထူးအစီအစဉ်တစ်ခုရှိခဲ့ပြီး အဲ့ဒီအခမ်းအနားအတွက် လက်မှတ်တစ်စောင် ပေါက်ဈေးဟာ ရူပီး တစ်သန်းအထိ ရှိခဲ့တယ်လို့ သိရှိရပါတယ်။ရူပီး တစ်သန်းဟာ အမေရိကန်ဒေါ်လာ ၁၂,၀၀၀ နဲ့ ညီမျှပြီး ဒီအခမ်းအနားကို ပွဲစီစဉ်သူတွေက သီးသန့် အထူးအစီအစဉ်အဖြစ် လက်မှတ်တွေ လျှို့ဝှက်ရောင်းချပေးခဲ့တာဖြစ်ပါတယ်။ရူပီး တစ်သန်းတန်လက်မှတ်ကို စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ ဘောလိဝုဒ် စူပါစတားကြယ်ပွင့်တွေက အဓိက ဝယ်ယူခဲ့ကြပြီး ဒီလက်မှတ်ကို ဝယ်ယူတဲ့သူတွေဟာ အခွင့်အရေး ၅ ခုကို ရရှိခဲ့ကြပါတယ်။ကိုလ်ကတ္တားမြို့က ပွဲစီစဉ်သူကတော့ ပွဲစီစဉ်ထားမှု စနစ်မကျတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး လက်ရှိမှာတော့ သူက ပျက်စီးမှုတွေကို လျော်ပေးဖို့နဲ့ ပရိသတ်တွေအတွက် လက်မှတ်တန်ကြေး ပြန်ပေးဖို့တွေကို တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းနေပြီဖြစ်ပါတယ်။

news-view-count-icon

13