ပြည်တွင်းရှိအရင်ကသတ်မှတ်ထားတဲ့ရုပ်ရှင်ဆိုင်ရာလုပ်ငန်း(၈)ခုအပြင် ရုပ်ရှင်သင်တန်းကျောင်းဖွင့်ခြင်း၊ရုပ်ရှင်applicationမှပြသတာ၊အွန်လိုင်းမှပြသတာအပါအဝင်ရုပ်ရှင်လုပ်ငန်း (၆)ခုပါလိုင်စင်လျှောက်ရမယ်လို့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ရုပ်ရှင်ဥပဒေပြင်ဆင်ချက်အရ လိုင်စင်လျှောက်ဖို့ ထပ်တိုးလာတဲ့လုပ်ငန်းတွေကတော့-(၁)ရုပ်ရှင်သင်တန်းကျောင်း၊(၂)ရုပ်ရှင်ရိုက်ကူးရေးပစ္စည်းငှားရမ်းခြင်းလုပ်ငန်း၊(၃)ရုပ်ရှင်ထုတ်လုပ်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊(၄)ရုပ်ရှင်စတူဒီယိုတည်ထောင်ခြင်းလုပ်ငန်း
၊(၅)ရုပ်ရှင်အရုပ်အသံကူးပြောင်းခြင်းနှင့်အထူးပြုလုပ်ချက်များ၊(၆)ရုပ်ရှင်အွန်လိုင်းရုပ်ရှင်ရုံ၊ရုပ်ရှင်Applicationနဲ့ရုပ်ရှင်ပြခြင်း၊အွန်လိုင်းပလက်ဖောင်းမှ ရုပ်ရှင်ပြသတာတွေဆောင်ရွက်ပါက ပြန်ကြားရေးဝန်ကြီးဌာနမှာ လိုင်စင်လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။


