ဘန်ကောက်မှာ နှစ်သစ်ကူး အလှဆင် မီးပန်းတွေဖောက်တာကို ဒီနှစ် ကန့်သတ်မှု တချို့လုပ်သွားဖို့ရှိနေပါတယ်။ ခရိုင် အခု ၅၀ လုံးက အုပ်ချုပ်ရေးရုံးတွေကို ဘန်ကောက်မြို့ အုပ်ချုပ်ရေးက သတိပေးစာပေးပို့ထားပြီး လူတွေ အန္တရာယ်ကင်းစေဖို့နဲ့ မီးပန်း၊ မီးပုံးတွေကြောင့် အပျက်အစီးနည်းစေဖို့ အခုလို ကန့်သတ်မှုတွေလုပ်ရတာပါ။မီးပန်းပစ်ဖောက်မယ့်သူတွေက တစ်ဦးတစ်ယောက်ဖြစ်စေ အဖွဲ့ဖြစ်စေ ခွင့်ပြုချက်အရင်ယူရပါမယ်။ခွင့်ပြုချက်ယူမယ့်သူက ထိုင်းလူမျိုး အသက် ၂၀ အထက်ဖြစ်ရမှာဖြစ်ပြီး၊ ပစ်ဖောက်မယ့်နေရာနဲ့ လုံခြုံစိတ်ချရေး အစီအစဥ်ကို ၁၅ ရက် ကြိုတင် တင်ပြရပါမယ်။အတည်ဖြစ်ပြီဆိုရင် ဒီဇင်ဘာ ၃၁ ရက် ည ၁၁ နာရီကနေ ဇန်နဝါရီ ၁ ရက် မနက် ၁ နာရီအထိ ဖောက်ခွင့်ပေးမှာပါ။ခွင့်ပြုချက်မယူဘဲ ဖောက်တာမိခဲ့ရင် ထောင်ဒဏ် (၃) နှစ် (သို့) ဘတ် ၆ သောင်း ဒဏ်ငွေ (သို့) ပြစ်ဒဏ် ၂ ရပ်လုံးကျခံရနိုင်ပါတယ်။
Dec 17 • 2:30 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


