back

ကျားဖြန့်ကိစ္စကြောင့် မြန်မာပုဂ္ဂလိကဘဏ် အကောင့်လုံခြုံရေးအတွက် ပြည်သူများ စိုးရိမ်နေကြ

Dec 17 • 2:28 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ကျားဖြန့်ကိစ္စကြောင့် မြန်မာပုဂ္ဂလိကဘဏ် အကောင့်လုံခြုံရေးအတွက် ပြည်သူများ စိုးရိမ်နေကြ

နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကဘဏ် အသုံးပြုသူများ၏ အကောင့်လုံခြုံရေးအတွက် စိ...

နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကဘဏ် အသုံးပြုသူများ၏ အကောင့်လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း သိရသည်။ ယခု ၂၀၂၅ နှစ်လယ်ပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံအတွင်းမှ ပြည်ပသို့ ငွေလဲလှယ်ခြင်း၊ ငွေလွှဲ လုပ်ငန်း လုပ်ကိုင်နေသူများသည် ကျားဖြန့် အွန်လိုင်း ငွေလိမ်လည်မှုကိစ္စများကြောင့် အလုပ်လုပ်ကိုင်နေသည့် ပုဂ္ဂလိက ဘဏ်အကောင့်များ ကန့်သတ်၊ ရပ်ဆိုင်းခြင်းမှုများ ကြုံတွေ့လာရကြောင်း မြန်မာ - ထိုင်း ငွေလွှဲလုပ်ကိုင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။"ကျားဖြန့်တွေနဲ့ ဆက်စပ်နေတာတွေကို ငွေလဲလှယ်တာ လုပ်မိလို့  ဘဏ်ပိတ်ခံရတာတွေ ကြုံရတယ်။ ဘဏ်အကောင့် ရပ်ဆိုင်းခံရတဲ့ ပြဿနာတွေ ဖြစ်သွားတာလေ”ဟု မြန်မာ - ထိုင်း ငွေလှဲ၊ ငွေလွှဲလုပ်ကိုင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

news-view-count-icon

14