back

ပဲခူးတိုင်း၊အင်းတကော်မြို့ တွင် လူသတ်လုယက်ခဲ့သူ အမျိုးသားကို မသေမချင်းလည်ပင်းကြိုးကွင်းစွပ် သတ်ရန်အမျိန့်ချ

Dec 17 • 2:27 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးတိုင်း၊အင်းတကော်မြို့ တွင် လူသတ်လုယက်ခဲ့သူ အမျိုးသားကို မသေမချင်းလည်ပင်းကြိုးကွင်းစွပ် သတ်ရန်အမျိန့်ချ

ပဲခူးမြို့ အင်းတကော်မြို့နယ် ရွှေမင်းဝံသာသနာ့ရိပ်သာ ဘုန်းကြီးကျောင်းဝန်း မဟာဗောဓိပင် ရေအိုင် အတွင်း လူသတ်ပြီး ဆိုင်ကယ် ဖုန်း နှင့် ပိုက်ဆံတို့ကို လုယူသွားသူ တရာ...

ပဲခူးမြို့ အင်းတကော်မြို့နယ် ရွှေမင်းဝံသာသနာ့ရိပ်သာ ဘုန်းကြီးကျောင်းဝန်း မဟာဗောဓိပင် ရေအိုင် အတွင်း လူသတ်ပြီး ဆိုင်ကယ် ဖုန်း နှင့် ပိုက်ဆံတို့ကို လုယူသွားသူ တရားခံကို ပဲခူးခရိုင်တရားရုံးမှ မသေမချင်းလည်ပင်းကြိုးကွင်းစွပ် သတ်စေရန် ယမန်နေ့ ဒီဇင်ဘာ ၁၆ရက်တွင် သေဒဏ်အမိန့်ချမှတ်ခဲ့ပါတယ်။ပြစ်မှုကျူးလွန်သူများ ထွက်ဆိုချက်အရ ခမိတ်စျေးလမ်းဆုံရှိ ဆိုင်ကယ်ကယ်ရီဂိတ်မှ မိုးစက်အောင် ကို ရွှေမင်းဝံဘုန်းကြီးကျောင်းအတွင်းရှိ မဟာဗောဓိညောင်ပင်သို ကယ်ရီငှားရမ်းခဲ့ပြီး မဟာဗောဓိညောင်ပင် အနီးတွင် မိုးစက်အောင်ကို သတ်ခဲ့ကာ အလောင်းကိုတော့ ရေအိုင်အတွင်းဆွဲချထားခဲ့ပြီး ဆိုင်ကယ် ဖုန်းနှင့် ပိုက်ဆံတို့ကို လုယူခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။လူသတ်လုယက်ခဲ့သူ  အောင်သက်ပိုင် ကို ယနေ့ ဒီဇင်ဘာ ၁၆ ရက် ယနေ့တွင် ပဲခူးခရိုင်တရားရုံးမှ ရာဇ သတ်ကြီးပုဒ်မ ၃၀၂(၁)(ဂ) အရ သေဒဏ်ကျခံစေရန်နှင့် မသေမချင်း လည်ပင်းကြိုးကွင်းစွပ် သတ်စေရန် အပြီးသတ်အမိန့်ချမှတ်ခဲ့ပါတယ်။လူသတ်လုယက်ခဲ့ရာတွင် ပါဝင်ခဲ့သူ အသက် ၁၇နှစ်အရွယ် ငြိမ်းချမ်းအောင်(ခ)ကုလားလေး ပဲခူးမြို့နယ် ကလေးသူငယ်တရားရုံးမှာ တရားစွဲတင်ပို့ထားပြီး အမှုကိုတော့ စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

news-view-count-icon

15