ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ မြဂိုးကျေးရွာရှိ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ် ငါးလုပ်ငန်းနှင့်ရေသတ္တဝါမွေးမြူရေးဒီပလိုမာသင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်၉နာရီအချိန်က အဆိုပါကျောင်းဖူဆယ်ဘောလုံးကွင်း၌ကျင်းပခဲ့သည်။ယင်းနောက် တက်ရောက်လာကြသူများနှင့် ကျောင်းသား၊ကျောင်းသူများစုပေါင်းမှတ် တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ငါးလုပ်ငန်းသိပ္ပံ (တွံတေး)တွင်တိုင်းဒေသကြီး၊ပြည်နယ်အသီးသီးမှ ပထမနှစ်(၁၀၀) ဦး၊ဒုတိယနှစ် (၄၃)ဦး၊တတိယနှစ် (၅၉)ဦးသင်တန်းသား၊သင်တန်းသူ (၂၀၂)ဦး သင်တန်းတက်ရောက် ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။
ရန်ကုန်တိုင်း၊တွံတေး၌ ငါးလုပ်ငန်းနှင့်ရေသတ္တဝါမွေးမြူရေးဒီပလိုမာသင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
Dec 17 • 2:25 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 14 | 0 | 0 | 0 |


