back

The Best FIFA အကောင်းဆုံးဆုများကို အူစမန်ဒမ်ဘီလီနဲ့ ဘွန်မာတီ ဆွတ်ခူး

Dec 17 • 2:24 AM

breaking-news

မြန်မာ

ပြည်ပ

cover

The Best FIFA အကောင်းဆုံးဆုများကို အူစမန်ဒမ်ဘီလီနဲ့ ဘွန်မာတီ ဆွတ်ခူး

၂၀၂၅ The Best FIFA အကောင်းဆုံးဆုများကို PSG အသင်းက ပြင်သစ်တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီနဲ့ ဘာစီလိုနာအသင်းက စပိန်ကွင်းလယ်လူ ဘွန်မာတီတို့က ဆွတ်ခူးရရှိခဲ့ပါတယ်။နှ...

၂၀၂၅ The Best FIFA အကောင်းဆုံးဆုများကို PSG အသင်းက ပြင်သစ်တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီနဲ့ ဘာစီလိုနာအသင်းက စပိန်ကွင်းလယ်လူ ဘွန်မာတီတို့က ဆွတ်ခူးရရှိခဲ့ပါတယ်။နှစ်ဦးစလုံးဟာ ပြီးခဲ့တဲ့စက်တင်ဘာလက Ballon d'Or ဆုကိုလည်း ဆွတ်ခူးထားခဲ့ကြတာပါ။အူစမန်ဒမ်ဘီလီက အမျိုးသားအကောင်းဆုံးဆုကို ပထမဆုံးအကြိမ် ရရှိခဲ့တာဖြစ်ပြီး ဘွန်မာတီကတော့ သုံးနှစ်ဆက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။FIFA Fair Play Award ဆုကို ပရိသတ်တစ်ဦးရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ ရေဂင်စဘတ်အသင်းဆရာဝန် ဟားလက်စ်နူကင်း၊ Fan Award ဆုကို နေမကောင်းတဲ့ ကလေးငယ်တွေအတွက် ကွင်းထဲ အရုပ်တွေပစ်လှူဒါန်းခဲ့တဲ့ အီရတ်ကလပ် Zakho SC အသင်းတို့က ရရှိခဲ့ကြပါတယ်။

news-view-count-icon

18