back

ပြည်တွင်းရှိ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည်သုံးသပ်ဆွေးနွေး အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လို

Dec 17 • 2:18 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းရှိ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည်သုံးသပ်ဆွေးနွေး အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လို

ကချင်ပြည်နယ်တွင် လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်ရန် မေခ၊မလိခ မြစ်နှစ်ခုမှ ပေါင်းစည်းပေးသည့် ဧရာဝတီမြစ်၏ အရင်းအမြစ်များက သဘာဝတရားကြီးမားစွာဖန်တီးပေးထားသည့် မြစ်ဆုံရ...

ကချင်ပြည်နယ်တွင် လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်ရန် မေခ၊မလိခ မြစ်နှစ်ခုမှ ပေါင်းစည်းပေးသည့် ဧရာဝတီမြစ်၏ အရင်းအမြစ်များက သဘာဝတရားကြီးမားစွာဖန်တီးပေးထားသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည်သုံးသပ်ဆွေးနွေးအကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း မန်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ နှင့်တွေ့ဆုံစဉ် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။လျှပ်စစ်ဓါတ်အားကို ရေအား၊လေအား၊နေရောင်ခြည်စွမ်းအား၊ကျောက်မီးသွေး နှင့် သဘာဝဓါတ်ငွေ့များမှ ထုတ်လုပ်ကြပြီး မြန်မာနိုင်ငံ၌ တစ်ယူနစ် ထုတ်လုပ်မှုတန်ဖိုးသည့် ရေအားလျှပ်စစ်မှ ပျှမ်းမျှ ၈၂ ကျပ်၊ နေရောင်ခြည်စွမ်းအင်မှ တစ်ယူနစ် ၁၇၁ ကျပ်၊ သဘာဝဓါတ်ငွေ့မှ ၂၃၅ ကျပ်၊ကျောက်မီးသွေးမှ ၂၁၅ ကျပ် ကျသင့်ပြီး ရေအားလျှပ်စစ်က အသက်သာဆုံးဖြစ်ကာ

ရေအားလျှပ်စစ်သည် အသက်သာဆုံးဖြစ်ခြင်းကြောင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်သုံးသပ်ပြီး အကောင်ထည်ဖော်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။အဆိုပါ စီမံကိန်းတွင် မေခ၊မလိခ မြစ်တလျှောက် စီမံကိန်း(၆)ခု အနက် မြစ်ဆုံ ၆၀၀၀ MW အပါအဝင် စုစုပေါင်း ၁၉၀၉၉ MW စီမံကိန်းရေးဆွဲပြီး ချီဖွေငယ်မှ စ၍ မြစ်ဆုံကိုစတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြစ်ဆုံတမံကြောင့် မြစ်ကြီးနားမြို့ရေဝင်ရေကြီး နစ်မြှပ်မှုမှလည်း ကင်းရှင်းစေမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

news-view-count-icon

18