ထိုင်းအစိုးရသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ ယခင်က အခွန်ကင်းလွတ်ခွင့်ပေးထားသည့် ဘတ်ငွေ၁ ဘတ်ဖိုးမှစသော သွင်းကုန်ပစ္စည်းအားလုံးကို ၇% VAT (တန်ဖိုးမြှင့်အခွန်) နှင့် အကောက်ခွန် နှစ်မျိုးလုံး ကောက်ခံတော့မည်ဖြစ်ကြောင်း ဒုတိယအစိုးရပြောရေးဆိုခွင့်ရှိသူ လလိဒါ ပေရီစဝီဝတနက ကြေညာခဲ့သည်။ ဤမူဝါဒသစ်၏ ရည်ရွယ်ချက်မှာ ထိုင်းလုပ်ငန်းငယ်များအတွက် မျှတသော ယှဉ်ပြိုင်မှု အာမခံချက်ပေးနိုင်ရန်၊ တန်ဖိုးနိမ့်ကျစွာ ကြေညာ၍ အခွန်ရှောင်တိမ်းမှုနှင့် စျေးနှုန်းအလွန်နိမ့်ကျသော သွင်းကုန်များ ဝင်ရောက်လာမှုကို လျှော့ချရန်ဖြစ်သည်။ လက်ရှိတွင် ၇% VAT သာ ကောက်ခံနေသော်လည်း စည်းမျဉ်းသစ်အရ ကုန်ပစ္စည်းအမျိုးအစားအလိုက် အကောက်ခွန်နှုန်းထားများပါ စတင်ကျင့်သုံးမည်ဖြစ်ပြီး၊ ဤအစီအမံများကြောင့် အစိုးရအနေဖြင့် နှစ်စဉ် ဘတ် ၃ ဘီလီယံအောက် မနည်း ဝင်ငွေရရှိမည်ဟု မျှော်လင့်ရကြောင်း သိရသည်။
ထိုင်းအစိုးရက ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှစ၍ ဘတ်ငွေ ၁ ဘတ်ဖိုးမှစသော သွင်းကုန်ပစ္စည်းအားလုံးကို အကောက်ခွန် ကောက်ခံမည်
Dec 17 • 2:25 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


