back

ပြင်ဦးလွင် တောင်ပုလတောင်တော်သို့ နေ့စဉ် ဘုရားဖူး (၂,၀၀၀) ခန့် ဝင်ရောက်

Dec 17 • 1:42 AM

breaking-news

မြန်မာ

မန္တလေး

cover

ပြင်ဦးလွင် တောင်ပုလတောင်တော်သို့ နေ့စဉ် ဘုရားဖူး (၂,၀၀၀) ခန့် ဝင်ရောက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ တောင်ပုလတောင်တော်သို့ လက်ရှိကာလတွင် နေ့စဉ် ဘုရားဖူးဧည့်သည် အယောက် ၂,၀၀၀ ခန့် လာရောက်လျက်ရှိကြောင်း တောင်ပုလဆရာတော် အ...

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ တောင်ပုလတောင်တော်သို့ လက်ရှိကာလတွင် နေ့စဉ် ဘုရားဖူးဧည့်သည် အယောက် ၂,၀၀၀ ခန့် လာရောက်လျက်ရှိကြောင်း တောင်ပုလဆရာတော် အရှင်ပညာဘောဂက မိန့်ကြားသည်။ ဘုရားဖူးရင်း တိမ်ပင်လယ်ကို ကြည့်ရှုခံစားနိုင်ခြင်း၊ မေတ္တာပေါင်းကူးတံတားအပါအဝင် အလှဓာတ်ပုံရိုက်ကူးရန် နေရာများအား ပိုမိုဆန်းသစ်အောင် ပြုပြင်ထားခြင်းတို့ကြောင့် ပြည်တွင်းပြည်ပ ဘုရားဖူးများ စိတ်ဝင်တစား လာရောက်ကြခြင်းဖြစ်သည်။ ထို့အပြင် တောင်ပေါ်တွင် အမြင့်ပေ ၉၀၀ အထိရှိသော်လည်း စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်း၊ အခမဲ့ ညအိပ်တည်းခိုဆောင်နှင့် စာကြည့်တိုက်များ စနစ်တကျ ပြုလုပ်ပေးထားခြင်းတို့ကြောင့် လာရောက်သူ များပြားနေကြောင်း သိရသည်။

news-view-count-icon

10