back

၂၀၂၅ဆီးဂိမ်းစ်အမျိုးသားဖူဆယ်ပွဲမှာ ထိုင်းအသင်းကို မြန်မာ အရေးနိမ့်

Dec 17 • 1:44 AM

breaking-news

မြန်မာ

ပြည်ပ

cover

၂၀၂၅ဆီးဂိမ်းစ်အမျိုးသားဖူဆယ်ပွဲမှာ ထိုင်းအသင်းကို မြန်မာ အရေးနိမ့်

၂၀၂၅ ဆီးဂိမ်းစ် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဒုတိယပွဲစဉ်အဖြစ် မြန်မာအသင်းသည် လက်ရှိချန်ပီယံနှင့် အိမ်ရှင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရာတွင် ဝ-၃ ဂိုးဖြင့် ဂိုးပြတ...

၂၀၂၅ ဆီးဂိမ်းစ် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဒုတိယပွဲစဉ်အဖြစ် မြန်မာအသင်းသည် လက်ရှိချန်ပီယံနှင့် အိမ်ရှင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရာတွင် ဝ-၃ ဂိုးဖြင့် ဂိုးပြတ်အရေးနိမ့်ခဲ့သည်။ ပတ်လည်စနစ်ဖြင့် ကစားသော ဤပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်တွင်လည်း မြန်မာအသင်းသည် အင်ဒိုနီးရှားအသင်းကို ၁-၅ ဂိုးဖြင့် ရှုံးနိမ့်ထားခဲ့ပြီးဖြစ်ရာ ယခုပွဲစဉ်သည် ဒုတိယပွဲဆက်တိုက် ရှုံးပွဲကြုံခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲ၌ ဇယားထိပ်ဆုံးရပ်တည်သည့် သုံးသင်းကို ရွှေ၊ ငွေ၊ ကြေး ဆုများ ချီးမြှင့်မည်ဖြစ်ပြီး၊ မြန်မာအသင်းအနေဖြင့် တတိယပွဲစဉ်ကို ဒီဇင်ဘာ ၁၇ ရက်နေ့ ညနေ ၆ နာရီခွဲတွင် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

news-view-count-icon

8