back

မှော်ဘီမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်

Dec 17 • 1:40 AM

breaking-news

မြန်မာ

ရန်ကုန်

cover

မှော်ဘီမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်ရ...

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၅ ရက်နေ့ နေ့လယ် ၂ နာရီအချိန်တွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ပညာရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး၊ ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ထို့နောက် တက်ရောက်သူများက မုခ်ဦးဖွင့်ပွဲ၊ ပြပွဲ၊ ပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပမည့် နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

14