back

လှည်းကူးပညာရေး ဒီဂရီကောလိပ်တွင် မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ဘာသာရပ်စွမ်းရည်ပြပွဲ ကျင်းပ

Dec 17 • 1:38 AM

breaking-news

မြန်မာ

ရန်ကုန်

cover

လှည်းကူးပညာရေး ဒီဂရီကောလိပ်တွင် မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ဘာသာရပ်စွမ်းရည်ပြပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနလက်အောက်ရှိ လှည်းကူးပညာရေး ဒီဂရီကောလိပ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ဘာသာရပ်စွမ်းရည်ပြပွဲ အခမ်းအနား...

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနလက်အောက်ရှိ လှည်းကူးပညာရေး ဒီဂရီကောလိပ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ဘာသာရပ်စွမ်းရည်ပြပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ ဝန်ကြီးချုပ်က အနာဂတ်တွင် ထူးချွန်ထက်မြက်သည့် နိုင်ငံသားကောင်း လူငယ်များကို ပြုစုပျိုးထောင်ပေးနိုင်သော ဆရာ၊ ဆရာမကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ အခမ်းအနားတွင် မောင်မယ်သစ်လွင်များနှင့် ကျောင်းသား၊ ကျောင်းသူများက ကိုယ်ဟန်အလှ၊ ကာယ၊ ဂီတနှင့် အင်္ဂလိပ်စာ စွမ်းရည်ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ခဲ့ပြီး၊ ဝန်ကြီးချုပ်နှင့်အဖွဲ့က ပညာရေး၊ သိပ္ပံ၊ သင်္ချာ စသည့် ဘာသာရပ်စွမ်းရည် ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

12