back

တောင်ကြီးမြို့ တပင်ရွှေထီး ဓာတ်ဆီဆိုင် မီးလောင်မှုတွင် အမျိုးသမီးတစ်ဦးဒဏ်ရာရ

Dec 17 • 1:37 AM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီးမြို့ တပင်ရွှေထီး ဓာတ်ဆီဆိုင် မီးလောင်မှုတွင် အမျိုးသမီးတစ်ဦးဒဏ်ရာရ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အေးသာယာရပ်ကွက်ရှိ တပင်ရွှေထီးဓာတ်ဆီဆိုင်တွင် ဒီဇင်ဘာ ၁၆ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က ဆီဘောက်ဆာမှ ဆီပေပါထဲသို့ ဆီဖြည့်ရာမှတစ်ဆင့် မီ...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အေးသာယာရပ်ကွက်ရှိ တပင်ရွှေထီးဓာတ်ဆီဆိုင်တွင် ဒီဇင်ဘာ ၁၆ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က ဆီဘောက်ဆာမှ ဆီပေပါထဲသို့ ဆီဖြည့်ရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ အဆိုပါမီးလောင်မှုကြောင့် ကျပ်သိန်း ၅၄၅ သိန်းခန့် ဆုံးရှုံးခဲ့ရပြီး၊ အမျိုးသမီးတစ်ဦး၏ အောက်ပိုင်းတွင် မီးလောင်ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။ မီးလောင်ကျွမ်းမှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီကယ်ဆယ်ရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နေ့လည် ၁ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

news-view-count-icon

6