ဒီဇင်ဘာ ၁၆ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သော (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ် တက်ရောက်ခဲ့ပြီး ဂုဏ်ပြုမိန့်ခွန်းများကို ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်က တိုင်းရင်းဆေးပညာရှင်များကို အခြေခံမှ မဟာဘွဲ့အထိ အရည်အချင်းပြည့်ဝအောင် လေ့ကျင့်မွေးထုတ်ပေးနေကြောင်း ပြောကြားခဲ့ပြီး၊ မျိုးဆက်သစ်များအနေဖြင့် မြန်မာ့တိုင်းရင်းဆေးပညာရပ် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် မြန်မာ့တိုင်းရင်းဆေးပညာ မပျောက်ပျက်စေရန်၊ ဆေးဝါးများကို သုတေသနပြု၍ ပြည်သူများ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရကလည်း အလေးထား ပံ့ပိုးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။


