အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်သည် ၂၀၂၁ ခုနှစ်က ကက်ပီတယ်လ် အဆောက်အအုံ စီးနင်းမှုမတိုင်မီ ၎င်း၏မိန့်ခွန်းကို ဘီဘီစီ (BBC) သတင်းဌာန၏ Panorama အစီအစဉ်တွင် "ရည်ရွယ်ချက်ရှိရှိ၊ အငြိုးတကြီး၊ လှည့်ဖြားသည့်သဘောဖြင့်" တည်းဖြတ်ခဲ့သည်ဟု စွပ်စွဲကာ ဖလော်ရီဒါပြည်နယ် တရားရုံး၌ တရားစွဲဆိုခဲ့သည်။ ထရမ့်က အသရေဖျက်မှုနှင့် လှည့်ဖြားမှု ကုန်သွယ်မှုဥပဒေ ချိုးဖောက်မှု စုစုပေါင်း အချက်နှစ်ချက်အတွက် တစ်ခုလျှင် ဒေါ်လာ ၅ ဘီလီယံစီ၊ စုစုပေါင်း ဒေါ်လာ ၁၀ ဘီလီယံအထိ နစ်နာကြေး တောင်းခံထားသည်။ ဘီဘီစီကမူ ယင်းတည်းဖြတ်မှုကို "ဆုံးဖြတ်ချက်အမှား" အဖြစ် ဝန်ခံတောင်းပန်ခဲ့သော်လည်း အသရေဖျက်မှု တောင်းဆိုရန် ဥပဒေအရ အခြေအမြစ်မရှိဟု အခိုင်အမာ ပြောကြားခဲ့ဖူးသည်။ ဤကိစ္စကြောင့် ဘီဘီစီ၏ ညွှန်ကြားရေးမှူးချုပ်နှင့် သတင်းဌာနအကြီးအကဲတို့ ယခင်လက ရာထူးမှ နုတ်ထွက်ခဲ့ကြသည်။
Dec 17 • 1:23 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 20 | 0 | 0 | 0 |


