မွန်ပြည်နယ်တွင် ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးနိုင်ဖို့ ဆိုပြီး နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကဒ်ကို ပြုလုပ်ပေးဖို့ မြန်မာအာဏာပိုင်များက ညွှန်ကြားထားပေမယ့် မွန်ပြည်နာ်မှာတော့ မှတ်ပုံတင်ကဒ် ပြုလုပ်ခ ၄ သိန်းအထိ လဝကရုံးက တောင်းခံနေပါတယ်။ လဝကဝန်ထမ်းတွေက မှတ်ပုံတင် ပြုလုပ်ပေးတဲ့ နေရာမှာ ပုံမှန်ကြေး၊ အမြန်ကြေး ဆိုပြီး သတ်မှတ်ထားတာပါ။ပုံမှန်ကြေး ဆိုတာ အချိန်တလကြာမှ ရမှာ ဖြစ်ပြီး ကျပ်တစ်သိန်း၊ ကျပ် နှစ်သိန်း ပေးရသလို အမြန်ကြေး ဆိုတာကတော့ တစ်ပတ်အတွင်း ရရှိမှာ ဖြစ်ပြီး ကျပ် ၄ သိန်းထိ လဝကရုံးဝန်ထမ်းတွေကို ပေးဆောင်နေရကြောင်း ပေါင်မြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။လူမျိုးခြား နိုင်ငံသား၊ ဧည့်နိုင်ငံသားတွေကတော့ နိုင်ငံသားစိစစ်ရေးကဒ် ရဖို့ဆိုရင် လဝကဝန်ထမ်းတွေကို ကျပ် ၁၀ သိန်းလောက်အထိ ပေးနေရပြီး ပေးနိုင်တဲ့ လူတွေက ကိုယ်ရေးအချက်အလက်ဖောင်တောင် ဖြည့်စရာမလိုဘဲ နေ့ချင်း ရရှိအောင် ပြုလုပ်ပေးနေတယ်လို့သိရပါသည်။
Dec 16 • 5:05 AM
မြန်မာ
မွန်
မျှဝေမည်
| 8 | 0 | 0 | 0 |


