မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်ရှိ ထနောင်းတော-အိုင်းမလမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါလမ်းမပေါ်၌ ကျင်းပသည်။လမ်းဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီ ဆောင်ရွက်ပေးခဲ့သော စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်၍ အဆိုပါကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။အဆိုပါလမ်းအား ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် မြို့နယ်အတွင်းရှိ ကျွေးရွာပေါင်း ၈ ရွာ၊ အိမ်ခြေပေါင်း ၁,၁၁၇ အိမ်မှ လူဦးရေပေါင်း ၄,၈၅၀ ဦးနှင့် လမ်းအသုံးပြုသူ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများ များစွာအထောက်အကူပြု အကျိုးဖြစ်ထွန်းနိုင်စေမည်ဖြစ်သည်။



