ဧရာဝတီတိုင်းတွင် ယခုနှစ် မိုးကောက်ညှင်းစပါးပေါ်ချိန်တွင် ပြီးခဲ့သည့်နှစ်ကလောက် ဈေးကောင်းမရကြောင်း ဧရာဝတီတိုင်းအတွင်းရှိ တောင်သူအချို့ထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မိုးကောက်ညှင်းစပါးဈေးကွက်မှာ စတင်ပေါ်ချိန်ဖြစ်သည့် အောက်တိုဘာလတွင် ကောက်ညှင်းစပါးတင်း ၁၀၀ ကိုကျပ် ၄၅ သိန်းဝန်းကျင်နှင့် နိုဝင်ဘာလတွင် ကျပ် သိန်း ၃၀ ခန့်ဈေးရခဲ့သော်လည်း ယခုနှစ် မိုးကောက်ညှင်းစပါးဈေးမှာ အောက်တိုဘာလတွင် တင်း ၁၀၀ ကို ကျပ် ၃၈ သိန်းဝန်းကျင်နှင့် နိုဝင်ဘာလ နောက်ဆုံးပတ်ဈေးနှုန်းမှာ ကျပ် ၂၇ သိန်းခန့်သာ ဈေးရခဲ့ကြောင်း သိရသည်။ဧရာဝတီတိုင်းအတွင်း အဓိကစိုက်ပျိုးကြသည့် ကောက်ညှင်းစပါးအမျိုးအစားများမှာ မှော်ဘီကောက်ညှင်း၊ လာအို ကောက်ညှင်း၊ ကောက်ညှင်းအသွယ်နှင့် ကောင်ညှင်းအရင်တို့ဖြစ်ကြပြီး တစ်ဧကစိုက်ပျိုးလျှင် တင်း ၄၀ ကျော်မှ ၇၀ အတွင်း ထွက်ရှိကြောင်း သိရသည်။ 
| 10 | 0 | 0 | 0 |


