back

ရုရှား သံရုံးက ထိုင်း-ကမ္ဘောဒီးယား စ-စ်ပွဲမှာ ရုရှား ကြေးစားစစ်သားတွေ ပါဝင်တယ်ဆိုတာကို ငြင်းဆို

Dec 16 • 4:05 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရုရှား သံရုံးက ထိုင်း-ကမ္ဘောဒီးယား စ-စ်ပွဲမှာ ရုရှား ကြေးစားစစ်သားတွေ ပါဝင်တယ်ဆိုတာကို ငြင်းဆို

ထိုင်း-ကမ္ဘောဒီးယား နယ်စပ် တိုက်ပွဲတွေမှာ ရုရှားနိုင်ငံသားတွေက ကြေးစားစ-စ်သားတွေအဖြစ် ပါဝင်နေတယ်ဆိုပြီး ထိုင်းမီဒီယာတချို့မှာ ဖော်ပြနေတာတွေက မမှန်ကန်ကြောင်း ဘန်...

ထိုင်း-ကမ္ဘောဒီးယား နယ်စပ် တိုက်ပွဲတွေမှာ ရုရှားနိုင်ငံသားတွေက ကြေးစားစ-စ်သားတွေအဖြစ် ပါဝင်နေတယ်ဆိုပြီး ထိုင်းမီဒီယာတချို့မှာ ဖော်ပြနေတာတွေက မမှန်ကန်ကြောင်း ဘန်ကောက်မြို့မှာရှိတဲ့ ရုရှားသံရုံးက တနင်္လာနေ့ (ဒီဇင်ဘာလ ၁၅ ရက်)မှာ ပြောကြားလိုက်ပါတယ်။သံရုံးရဲ့ တရားဝင် Facebook စာမျက်နှာမှာ တင်ထားတဲ့ ထုတ်ပြန်ချက်တစ်ခုမှာတော့ အဲဒီသတင်းတွေက မမှန်ကန်ကြောင်းနဲ့ ဒေသပြင်ပက သတင်းရင်းမြစ်တွေဆီကနေ လုပ်ကြံဖန်တီးထားပုံရတယ်လို့ သံရုံးက ပြောပါတယ်။ ဒီစွပ်စွဲချက်တွေက ထိုင်းနိုင်ငံထဲမှာ ခရီးသွားအဖြစ် ဒါမှမဟုတ် စီးပွားရေးလုပ်ဖို့ ရောက်နေကြတဲ့ ရုရှားနိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို ထိခိုက်စေနိုင်ပြီး ရုရှားနဲ့ ထိုင်းအကြား နှစ်ရှည်လများ ရှိခဲ့တဲ့ ဆက်ဆံရေးကိုလည်း ထိခိုက်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ရုရှားနိုင်ငံအနေနဲ့ ထိုင်းရော ကမ္ဘောဒီးယားနဲ့ပါ ချစ်ကြည်ရင်းနှီးပြီး ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေး ရှိနေသလို နယ်စပ်အငြင်းပွားမှုကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းတာကို ထောက်ခံတယ်လို့ သံရုံးက ပြောပါတယ်။ထိုင်းနဲ့ ကမ္ဘောဒီးယားကြား အငြင်းပွားမှုတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့သာ ဖြေရှင်းသင့်တယ်ဆိုတဲ့ရပ်တည်ချက်ကို မော်စကိုက အတည်ပြုခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့တာကို အဲဒီထုတ်ပြန်ချက်မှာ ကိုးကားဖော်ပြထားပါတယ်။


news-view-count-icon

10