ပြည်တွင်း၌ ဂီတသက်ကြီးပူဇော်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၁၅)ရက်ကကျင်းပခဲ့ပြီး သက်ကြီးဂီတပညာရှင်တွေကို ပူဇော်ကန်တော့ခဲ့တယ်လို့သိရပါတယ်။အဆိုပါအခမ်းအနားကို ရန်ကုန်မြို့ Dolphin Restaurantမှာကျင်းပခဲ့တာဖြစ်ပြီး တက်ရောက်လာတဲ့ သက်ကြီးဂီတပညာရှင်(၃၀) ကျော်အပါအဝင် သက်ကြီးဂီတပညာရှင်(၁၅၆)ဦးကို ပူဇော်ကန်တော့ခဲ့တာဖြစ်ပါတယ်။ဂီတသက်ကြီးပူဇော်ပွဲကို ဂီတပညာရှင်ကြီးတွေဖြစ်တဲ့ ရေနံသာစိုးလှိုင်၊ ကေတုဝင်းထွဋ် အဆိုတော်ကြီး အေးအေးသွယ်၊ ဂီတစာဆိုမျိုးနွယ်ဆွေ၊မြင့်မြင့်ခင်၊ချိုပြုံး၊ နွဲ့ယဉ်ဝင်းအပါအဝင်သက်ကြီးဂီတပညာရှင်တွေ တက်ရောက်ခဲ့ပြီး အဆိုတော်ပိုးအိစံ၊ချိုဇင်မာလင်းစံတို့အပါအဝင်မျိုးဆက်သစ်အဆိုတော်၊ဂီတလောကသားတွေက ပူဇော် ကန်တော့ခဲ့တယ်လို့သိရပါတယ်။



