back

ရန်ကုန်တွင် ထိုင်း၊ မလေးရှား ရေပိုင်နက်သို့ သယ်ဆောင်မည့် ကျပ် ၁၃၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ မှောင်ခိုဂိုဏ်း ဖမ်းဆီးရမိ

Dec 16 • 3:52 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တွင် ထိုင်း၊ မလေးရှား ရေပိုင်နက်သို့ သယ်ဆောင်မည့် ကျပ် ၁၃၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ မှောင်ခိုဂိုဏ်း ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ ၁၉ ရပ်ကွက်တွင် ထိုင်းနှင့် မလေးရှားရေပိုင်နက်ထဲသို့ ပင်လယ်ရေကြောင်းဖြင့် သယ်ဆောင်ရန် စီစဉ်နေသည...

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ ၁၉ ရပ်ကွက်တွင် ထိုင်းနှင့် မလေးရှားရေပိုင်နက်ထဲသို့ ပင်လယ်ရေကြောင်းဖြင့် သယ်ဆောင်ရန် စီစဉ်နေသည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို နိုဝင်ဘာ ၂၇ ရက်က ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိမှုများတွင် စုစုပေါင်း ကျပ် ၁၃၃ ဒသမ ၇၅ ဘီလီယံ တန်ဖိုးရှိသော အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၅၈ တန် နှင့် ကတ်တမင်း ၁ ဒသမ ၈ တန်ကျော် တို့အပြင် မော်တော်ယာဉ် (၃) စီးကိုပါ သိမ်းဆည်းရမိခဲ့သည်။ ပထမအဆင့်တွင် ရွှေမောင်ဆန်း၊ မင်းဇော်လှိုင် (ခ) မင်းဇော်၊ အောင်ကျော်မျိုး (ခ) ငပိန်၊ မောင်မောင်သန်း (ခ) ဝင်းသန်းတို့ လေးဦးကို ဖမ်းဆီးရမိခဲ့ပြီး၊ နောက်ဆက်တွဲ စစ်ဆေးဖော်ထုတ်မှုများအရ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအပါအဝင် မြတ်မင်းကို၊ ပြည့်စုံအောင်၊ ဇော်နိုင်ဦး၊ နေမင်းကျော်ထွေး၊ ကိုကိုကျော်ရဲနောင်၊ နိုင်ဝင်ထွေး (ခ) အငယ်လေး၊ မျိုးဝင်း (ခ) မျိုးကြီးနှင့် တင်ကိုကိုလင်း တို့ကိုပါ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရပြီး၊ ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ အရေးယူ ဆက်လက်ဖော်ထုတ်လျက်ရှိသည်။

news-view-count-icon

8