back

ထိုင်းနှင့် တရုတ်အာဏာပိုင်များ မြ၀တီရှိ ဖျက်ဆီးထားသည့် လိမ်လည်မှု အဆောက်အအုံများကို သွားကြည့်

Dec 16 • 3:50 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနှင့် တရုတ်အာဏာပိုင်များ မြ၀တီရှိ ဖျက်ဆီးထားသည့် လိမ်လည်မှု အဆောက်အအုံများကို သွားကြည့်

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှတစ်ဆင့် မြန်မာနိုင်ငံ မြဝတီဘက်သို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်အာဏာပိုင် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ ဒီဇင်ဘာ ၁၅ ရ...

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှတစ်ဆင့် မြန်မာနိုင်ငံ မြဝတီဘက်သို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်အာဏာပိုင် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်က ကေကေပါ့ခ် (KK Park) နှင့် ရွှေကုက္ကိုလ် တို့ရှိ ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးထားသော လိမ်လည်မှုကွန်ရက် အဆောက်အအုံများ၏ အပျက်အစီးများကို သွားရောက်ကြည့်ရှုခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့ကို ထိုင်းတော်ဝင်ရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ကြီး ဂျီရာဘော့ပ် ဘူရီဒေ့ချ်နှင့် တရုတ်ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး လျူကျုံးယီတို့က ဦးဆောင်ခဲ့သည်။ ထို့နောက် ဒုတိယမြောက် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား၏ မြန်မာဘက်ကမ်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံကာ သတင်းအချက်အလက်ဖလှယ်ခြင်း၊ လျှပ်စစ်/ဆက်သွယ်ရေး ကန့်သတ်ခြင်းနှင့် သံသယရှိသူ လိမ်လည်သူများကို ပြန်လည်လွှဲပြောင်းပေးရေး အရှိန်မြှင့်တင်ခြင်းတို့အတွက် သဘောတူညီခဲ့ကြသည်။ 

news-view-count-icon

8