back

တရုတ်နိုင်ငံ၊ဟားအယ်ပင်းက အွန်လိုင်းဆယ်လီ နှင်းလူသားကြီး “မျက်နှာအသွင်ပေါ်” လာ

Dec 16 • 3:40 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ၊ဟားအယ်ပင်းက အွန်လိုင်းဆယ်လီ နှင်းလူသားကြီး “မျက်နှာအသွင်ပေါ်” လာ

တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့ရှိ ချွင်လိဂီတပန်းခြံရှိ တည်ဆောက်ဆဲ အွန်လိုင်းဆယ်လီ နှင်းလူသားကြီး၏ ဦးခေါင်းပိုင်းကို ဒီဇင်ဘာ ၁၄ ရက်တွင် တည်ဆောက်...

တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့ရှိ ချွင်လိဂီတပန်းခြံရှိ တည်ဆောက်ဆဲ အွန်လိုင်းဆယ်လီ နှင်းလူသားကြီး၏ ဦးခေါင်းပိုင်းကို ဒီဇင်ဘာ ၁၄ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ရာ ၎င်း၏ ချစ်စဖွယ်အပြုံးလေး ပေါ်ထွက်လာခဲ့သည်။ ယခုနှစ်တွင် ပြန်လည်တည်ဆောက်လျက်ရှိသည့် နှင်းလူသားကြီးတွင် ဦးထုပ်နီ၊ ပုဝါနီ၊ အသဲပုံနှိပ်သီးအနီဟူသည့် “ဂန္ထဝင်ပုံစံ” အား ထိန်းသိမ်းထားသည့် အခြေခံပေါ်တွင် ထပ်မံအဆင့်မြှင့်ထားသည်။ ဒီဇိုင်းအရ အမြင့် ၁၉ မီတာ၊ အရှည် ၁၄ မီတာ၊ အကျယ် ၁၁ မီတာရှိပြီး ယခင်နှစ်များထက် ၁ မီတာ “အရပ်ရှည်” လာသည်။ စုစုပေါင်း ဆီးနှင်းအသုံးပြုမှုပမာဏမှာ ၃,၀၀၀ ကုဗမီတာရှိကာ ယမန်နှစ်ထက် ကုဗမီတာ ၁,၂၀၀ တိုးလာပြီး ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက အများဆုံးဖြစ်ပေသည်။

news-view-count-icon

7