back

မန်ယူနည်းပြမှ သရေရလဒ်ထက် ကွဲပြားခြားနားတဲ့ရလဒ် ရခဲ့သင့်တယ်လို့မှတ်ချက်ပြု

Dec 16 • 3:38 AM

breaking-news

မြန်မာ

ပြည်ပ

cover

မန်ယူနည်းပြမှ သရေရလဒ်ထက် ကွဲပြားခြားနားတဲ့ရလဒ် ရခဲ့သင့်တယ်လို့မှတ်ချက်ပြု

မန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က ဘုန်းမောက်နဲ့ လေးဂိုးစီ သရေကျတဲ့ပွဲအပြီးမှာ အခုရလဒ်ထက် ကွဲပြားခြားနားတဲ့ရလဒ် ရခဲ့သင့်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။မန်ယူ...

မန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က ဘုန်းမောက်နဲ့ လေးဂိုးစီ သရေကျတဲ့ပွဲအပြီးမှာ အခုရလဒ်ထက် ကွဲပြားခြားနားတဲ့ရလဒ် ရခဲ့သင့်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။မန်ယူနိုက်တက်အသင်းဟာ အခုပွဲမှာ သုံးကြိမ်တိုင် ဦးဆောင်ခဲ့ပေမဲ့ အမှတ်ခွဲယူခဲ့ရတာဖြစ်တယ်။ဒီပွဲရလဒ်က မန်ယူနိုက်တက်အသင်းကို အိမ်ကွင်းသုံးပွဲဆက် နိုင်ပွဲပျောက်ဆုံးစေခဲ့ပါတယ်။မန်ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားတဲ့ ပရီးမီးယားလိဂ်ခုနစ်ပွဲမှာ နှစ်ပွဲသာ အနိုင်ရခဲ့တာပါ။ဒါ့အပြင် ပရီးမီးယားလိဂ် ထိပ်ဆုံးငါးသင်းစာရင်းထဲ ဝင်ရောက်နိုင်မယ့် အခွင့်အရေးလည်း လက်လွှတ်ခဲ့ရပါတယ်။

news-view-count-icon

27