ဖွေထိုင်းပါတီရဲ့ ဒီနေ့ (အင်္ဂါနေ့)မှာထုတ်ပြန်မယ့် ဝန်ကြီးချုပ်လောင်းလျာ စာရင်းထဲ သက်ဆင်ရဲ့ တူပါလာတယ်လို့ သိရပါတယ်။ အသက် ၄၆ နှစ်အရွယ် တွဲဘက်ပါမောက္ခတစ်ဦးဖြစ်သူ Yodchanan ဟာ ယခင် ထိုင်းဝန်ကြီးချုပ်ဟောင်း Somchai Wongsawat ရဲ့ သားဖြစ်ပြီး အမေရိကန်နိုင်ငံ အာလင်တန်မြို့က တက္ကဆက် တက္ကသိုလ်ကနေ ဦးနှောက်နဲ့ ကွန်ပျူတာဆိုင်ရာ ဆက်နွယ်ချက်ကိုလေ့လာပြီး ဘွဲ့ရခဲ့သူပါ။ Yodchanan က အရင်ကလည်း ချင်းမိုင် မဲဆန္ဒနယ် ၃ မှာ ဝင်ပြိုင်ခဲ့ဖူးပြီး နိုင်ငံရေး မတည်မငြိမ်မှုတွေကြောင့် ၂၀၁၄ မှာ အမတ်မဖြစ်ခဲ့တာပါ။နောက်ထပ် ဝန်ကြီးချုပ် လောင်းလျာကတော့ အသက် ၇၁ နှစ်အရွယ်ရှိတဲ့ ဖွေထိုင်းပါတီ ရွေးကောက်ပွဲ ဒါရိုက်တာ ဝါရင့်နိုင်ငံရေးသမား Suriya Jungrungrenagkit ဖြစ်ပြီး တတိယမြောက်ကတော့ ချင်းမိုင်အခြစိုက် ဖွေထိုင်းပါတီ ဝါရင့် ခေါင်းဆောင် Julapun Amornvivat ပါ။
Dec 16 • 3:36 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


