back

အာဂျင်တီးနားဘောလုံးအကျော်အမော် လီယွန်နယ်မက်ဆီရဲ့ သုံးရက်ကြာ အိန္ဒိယခရီးစဉ် ပြီးဆုံးခဲ့

Dec 16 • 3:19 AM

breaking-news

မြန်မာ

ပြည်ပ

breaking-news
cover

အာဂျင်တီးနားဘောလုံးအကျော်အမော် လီယွန်နယ်မက်ဆီရဲ့ သုံးရက်ကြာ အိန္ဒိယခရီးစဉ် ပြီးဆုံးခဲ့

အာဂျင်တီးနားဘောလုံးအကျော်အမော် လီယွန်နယ်မက်ဆီရဲ့ သုံးရက်ကြာ အိန္ဒိယအလည်အပတ်ခရီးစဉ် ယမန်နေ့က ပြီးဆုံးခဲ့ပါတယ်။GOAT tour ရဲ့ပထမဆုံးနေ့မှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပေ...

အာဂျင်တီးနားဘောလုံးအကျော်အမော် လီယွန်နယ်မက်ဆီရဲ့ သုံးရက်ကြာ အိန္ဒိယအလည်အပတ်ခရီးစဉ် ယမန်နေ့က ပြီးဆုံးခဲ့ပါတယ်။GOAT tour ရဲ့ပထမဆုံးနေ့မှာ ရုန်းရင်းဆန်ခတ်

ဖြစ်ခဲ့ပေမဲ့ နောက်နှစ်ရက်မှာ ခရီးစဉ်က အဆင်ပြေချောမွေ့ခဲ့ပါတယ်။မက်ဆီဟာ ကိုလ်ကတ္တား၊ ဟိုင်ဒရာဘတ်၊ မွမ်ဘိုင်းနဲ့ နောက်ဆုံး ဒေလီမြို့တွေကို လည်ပတ်ခဲ့တာဖြစ်တယ်။ယမန်နေ့က ဒေလီအားကစားကွင်းထဲ မက်ဆီကိုမြင်ရဖို့ ပရိသတ်ထောင်ပေါင်းများစွာ ရှိနေခဲ့

ပါတယ်။မက်ဆီဟာ အသင်းဖော်မိတ်ဆွေတွေဖြစ်တဲ့ ဆွာရက်ဇ်၊ ဒီပေါလ်တို့နဲ့အတူ ပရိသတ်ထဲ

ဘောလုံးများ ကန်သွင်းပေးခဲ့ပြီး ကလေးငယ်တွေနဲ့ ဘောလုံးကစားကာ အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။မက်ဆီဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း အိန္ဒိယကို တစ်ကျော့ပြန် လာရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။

news-view-count-icon

13