back

ငါးသင်းပတ်လည်ပွဲစဥ်တွင် ၄ပွဲကစား၊ ၄ပွဲစလုံးရှုံးနိမ့်ပြီး မြန်မာအမျိုးသားဟော်ကီအသင်းမှာ ဆီမီးဖိုင်နယ်လွဲချော်

Dec 16 • 3:09 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
breaking-news
cover

ငါးသင်းပတ်လည်ပွဲစဥ်တွင် ၄ပွဲကစား၊ ၄ပွဲစလုံးရှုံးနိမ့်ပြီး မြန်မာအမျိုးသားဟော်ကီအသင်းမှာ ဆီမီးဖိုင်နယ်လွဲချော်

ထိုင်းနိုင်ငံတွင် ကျင်းပနေသော (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ အမျိုးသားဟော်ကီပွဲစဉ်ကို ငါးသင်းပတ်လည်ယှဉ်ပြိုင်လျက်ရှိရာ မြန်မာအသင်းက အုပ်စုတွင်း...

ထိုင်းနိုင်ငံတွင် ကျင်းပနေသော (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ အမျိုးသားဟော်ကီပွဲစဉ်ကို ငါးသင်းပတ်လည်ယှဉ်ပြိုင်လျက်ရှိရာ မြန်မာအသင်းက အုပ်စုတွင်း (၄)ပွဲကစား၊ (၄)ပွဲစလုံးရှုံးနိမ့်ခဲ့ပြီး အဆင့်(၅)သာရရှိခဲ့သောကြောင့် လေးသင်းတည်းယှဉ်ပြိုင်ရမည့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်မရခဲ့ပေ။မြန်မာအသင်းသည် ဒီဇင်ဘာလ(၁၁)ရက်နေ့က စင်ကာပူကို (၄ဂိုး-ဂိုးမရှိ)၊ ဒီဇင်ဘာ(၁၂)ရက်က မလေးရှားကို (၂၁ဂိုး-၁ဂိုး)၊ ဒီဇင်ဘာ(၁၄)ရက်က ထိုင်းကို (၈ဂိုး-ဂိုးမရှိ)၊ ဒီဇင်ဘာ(၁၅)ရက်က အင်ဒိုနီးရှားကို (၈ဂိုး-၁ဂိုး) ရလဒ်များဖြင့် ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှထွက်ခဲ့ရပြီဖြစ်သည်။

news-view-count-icon

12