ထိုင်းနိုင်ငံမှ ငလျင်တုံပြန်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံသို့ ထိုင်းဘတ်ငွေ(၃.၆)သန်းတန်ဖိုးရှိကျောက်ကပ်ဆေးစက်(၅)လုံးနဲ့ ဆေးဝါး၊ဆေးပစ္စည်းတွေလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ထိုင်းမြန်မာစီးပွားရေးကောင်စီအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနမှတစ်ဆင့် ပြည်သူလူထုထံလှူဒါန်းတာဖြစ်ပြီး မန္တလေးဆေးရုံကြီး၊မန္တလေးနဲ့စစ်ကိုင်းဒေသရှိ ကျန်းမာရေး ဌာနတွေကို ပို့ဆောင်လှူဒါန်းတာဖြစ်ပါတယ်။ထိုင်းနိုင်ငံကလှူဒါန်းတဲ့ ဆေးဝါးနဲ့ဆေးပစ္စည်းတွေဟာ ဒီဇင်ဘာလ(၁၂)ရက်မှာ တစ်သုတ်၊ဒီဇင်ဘာလ(၁၆)ရက်မှာ တစ်သုတ် ရောက်ရှိလာမှာဖြစ်ပါတယ်။



