back

ထိုင်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့်ကမ္ဘောဒီးယား အရပ်သား ၁၂ ဦးအထိ သေဆုံးသူ မြင့်တက်လာဟု ကမ္ဘောဒီးယားပြောကြား

Dec 16 • 3:38 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ထိုင်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့်ကမ္ဘောဒီးယား အရပ်သား ၁၂ ဦးအထိ သေဆုံးသူ မြင့်တက်လာဟု ကမ္ဘောဒီးယားပြောကြား

ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ ဆီရမ်ရိ(ပ်)ပြည်နယ်အထိ တိုးချဲ့လုပ်ဆောင်လာကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၅ ရက်တွင် ပြ...

ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ ဆီရမ်ရိ(ပ်)ပြည်နယ်အထိ တိုးချဲ့လုပ်ဆောင်လာကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၁၄ ရက် ညနေ ၆ နာရီအထိ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခကြောင့် ကမ္ဘောဒီးယားအရပ်သား သေဆုံးသူ ၁၂ ဦးနှင့် အခြားဒဏ်ရာရသူ ၇၄ ဦး ရှိခဲ့ကြောင်း ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာနက ယင်းနေ့တွင်ပင် ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ဒီဇင်ဘာ ၁၄ ရက် သန်းခေါင်ယံမှ ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းအထိ ကမ္ဘောဒီးယားနယ်နိမိတ်အတွင်း နေရာအများအပြားကို ထိုင်းစစ်တပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

news-view-count-icon

8