back

ချင်းပြည်နယ်၊ပလက်ဝမှာ ဒေသခံတွေ သွားလာရေးအဆင်ပြေစေဖို့ လမ်းသစ်ဖောက်လုပ်နေ

Dec 16 • 2:29 AM

breaking-news

မြန်မာ

ချင်း

cover

ချင်းပြည်နယ်၊ပလက်ဝမှာ ဒေသခံတွေ သွားလာရေးအဆင်ပြေစေဖို့ လမ်းသစ်ဖောက်လုပ်နေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့နယ်ခွဲအတွင်းရှိ ကျေးရွာတွေက ပြည်သူလူထု ခရီးသွားလာရေး အဆင်ပြေချောမွေ့စေဖို့အတွက် ဘွေလီရွာနဲ့ ကင်ကန်းကုန်းရွာကြား ကားလမ်းပို...

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့နယ်ခွဲအတွင်းရှိ ကျေးရွာတွေက ပြည်သူလူထု ခရီးသွားလာရေး အဆင်ပြေချောမွေ့စေဖို့အတွက် ဘွေလီရွာနဲ့ ကင်ကန်းကုန်းရွာကြား ကားလမ်းပိုင်းကို ချင်းကာကွယ်ရေးပလက်ဝ မှ ဦးဆောင်၍ ဖောက်လုပ်ပေးနေတယ်လို့ သိရပါတယ်။အဲဒီလမ်းပိုင်းဟာ ယခင်က သွားလာရခက်ခဲတဲ့ နေရာတခုဖြစ်ပြီး ဒေသခံတွေအနေနဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးကိစ္စရပ်တွေအတွက် သွားလာရာမှာ အချိန်ကြန့်ကြာမှုတွေ ရှိနေတာကြောင့် အခုလို စီစဉ်ဆောင်ရွက်ပေးတာဖြစ်တယ်လို့ သိရပါတယ်။အခုလမ်းပိုင်း ဖောက်လုပ်ပြီးစီးပါက ဘွေလီရွာနဲ့ ကင်ကန်းကုန်းရွာ ဒေသခံတွေသာမက အနီးအနားရှိ ကျေးရွာတွေပါ အကျိုးကျေးဇူး ခံစားရမည်ဖြစ်ပါတယ်။ဒေသခံတစ်ဦးက "အရင်ကတော့ ဒီလမ်းက သွားရလာရတာ တော်တော်ခက်တယ်၊ အခုလို လမ်းဖောက်ပေးတော့ ကျန်းမာရေးကိစ္စ အရေးပေါ်သွားရလာရတဲ့အခါမှာ အများကြီး အထောက်အကူပြုမှာပါ" ဟု ပြောကြားခဲ့ပါတယ်။

news-view-count-icon

7