back

မြန်မာအမျိုးသမီးဘောလုံးလိဂ်ရဲ့ ပထမဆုံး ပြည်ပကစားသမားခေါ်ယူမှုအဖြစ် ဧရာဝတီအက်ဖ်စီက ဖိလစ်ပိုင်တိုက်စစ်ကစားသမားကို ခေါ်ယူ

Dec 16 • 2:27 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာအမျိုးသမီးဘောလုံးလိဂ်ရဲ့ ပထမဆုံး ပြည်ပကစားသမားခေါ်ယူမှုအဖြစ် ဧရာဝတီအက်ဖ်စီက ဖိလစ်ပိုင်တိုက်စစ်ကစားသမားကို ခေါ်ယူ

မြန်မာအမျိုးသမီးဘောလုံးလိဂ် (MWL) သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပြည်ပကစားသမား ခေါ်ယူအားဖြည့်မှုအဖြစ် ဧရာဝတီအက်ဖ်စီအသင်းဟာ ဖိလစ်ပိုင်နိုင်ငံက တိုက်စစ်မှူး...

မြန်မာအမျိုးသမီးဘောလုံးလိဂ် (MWL) သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပြည်ပကစားသမား ခေါ်ယူအားဖြည့်မှုအဖြစ် ဧရာဝတီအက်ဖ်စီအသင်းဟာ ဖိလစ်ပိုင်နိုင်ငံက တိုက်စစ်မှူး Alyssa Jane Ube ကို ရာသီဝက်စာချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်း သိရပါတယ်။ဧရာဝတီအက်ဖ်စီကို ပြောင်းရွှေ့လာတဲ့ Alyssa Jane Ubeဟာ ဖိလစ်ပိုင်ကလပ် Stallion Laguna FC အသင်းရဲ့ တောင်ပံတိုက်စစ်မှူးတစ်ဦးဖြစ်ပြီး အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲများမှာ ဝင်ရောက်ယှဉ်ပြိုင်ဖူးသူလည်း ဖြစ်ပါတယ်။(၂၀၂၂) ခုနှစ် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိခဲ့တဲ့ ဖိလစ်ပိုင်အမျိုးသမီးလက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်ပါတယ်။လက်ရှိကျန်ရှိနေသော ရာသီဝက်ကာလအတွက်လည်း အခြားကလပ်အသင်းများမှ ပြည်ပကစားသမား ခေါ်ယူမှုအချို့ကို ထပ်မံ မြင်တွေ့ရဖွယ်ရှိကြောင်းသိရပါတယ်။

news-view-count-icon

40