back

ထိုင်း လေဆိပ်တွေမှာ နိုင်ငံခြားသား စစ်သားများ ဝင်ရောက်လာခြင်းကို ကာကွယ်ရန် စစ်ဆေးမှုများ တင်းကြပ် လုပ်ဆောင်နေ

Dec 16 • 2:26 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်း လေဆိပ်တွေမှာ နိုင်ငံခြားသား စစ်သားများ ဝင်ရောက်လာခြင်းကို ကာကွယ်ရန် စစ်ဆေးမှုများ တင်းကြပ် လုပ်ဆောင်နေ

နယ်စပ်မှာ ပဋိပက္ခတွေ ကြီးထွားလာတာနဲ့အမျှ Visa-free အစီအစဉ်နဲ့ ထိုင်းနိုင်ငံထဲ ဝင်လာမယ့် ကမ္ဘောဒီးယား နိုင်ငံသားတွေအားလုံးကို တင်းတင်းကျပ်ကျပ် စစ်ဆေးဖို့နဲ့ နိုင...

နယ်စပ်မှာ ပဋိပက္ခတွေ ကြီးထွားလာတာနဲ့အမျှ Visa-free အစီအစဉ်နဲ့ ထိုင်းနိုင်ငံထဲ ဝင်လာမယ့် ကမ္ဘောဒီးယား နိုင်ငံသားတွေအားလုံးကို တင်းတင်းကျပ်ကျပ် စစ်ဆေးဖို့နဲ့ နိုင်ငံထဲ ဝင်လာမယ့် ပြည်ပ ကြေးစားစစ်သားတွေကိုလည်း စစ်ဆေးမှုတွေ တိုးမြှင့်ဖို့ ထိုင်းလေဆိပ်တွေကို အမိန့်ပေးထားပါတယ်။တနင်္လာနေ့ (ဒီဇင်ဘာလ ၁၅ ရက်)မှာ လူဝင်မှုကြီးကြပ်ရေးဗျူရိုက ပြည်ပခရီးသွားတွေကို အခြေအနေကို နားလည်ပေးကြဖို့ မေတ္တာရပ်ခံထားပြီး ဒါကြောင့် Passport စစ်ဆေးတဲ့နေရာမှာ လူကြပ်တာတွေ ဖြစ်လာနိုင်ပါတယ်။လုံခြုံရေး တိုးမြှင့်စစ်ဆေးတာတွေကို အဓိကအားဖြင့် Suvarnabhumi, Don Mueang, Chiang Mai, Phuket နဲ့ Hat Yai လေဆိပ်တွေမှာ လုပ်ဆောင်သွားမယ်လို့ လူဝင်မှုကြီးကြပ်ရေး ပြောရေးဆိုခွင့်ရှိသူ Pol Maj Gen Choengron Rimpadee က ပြောပါတယ်။

news-view-count-icon

27