back

ပြည်တွင်း ခရမ်းချဉ်သီးဈေး စံချိန်တင် မြင့်တက်လာနေ

Dec 16 • 2:25 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း ခရမ်းချဉ်သီးဈေး စံချိန်တင် မြင့်တက်လာနေ

ပြည်တွင်း လက်လီစျေးကွက်မှာတော့ ကျားခြေရာ သီး ခေါ် ကိုင်းသီး ဗမာသီးက တစ်ပိဿာကို ၁၂,၀၀၀ ကျပ်အထိ ရှိနေပြီး ပုံမှန်ခရမ်းချဥ်သီးက ၈,၀၀၀ ကျပ်အထိ စျေးရှိနေပါတယ်။ခရမ်းခ...

ပြည်တွင်း လက်လီစျေးကွက်မှာတော့ ကျားခြေရာ သီး ခေါ် ကိုင်းသီး ဗမာသီးက တစ်ပိဿာကို ၁၂,၀၀၀ ကျပ်အထိ ရှိနေပြီး ပုံမှန်ခရမ်းချဥ်သီးက ၈,၀၀၀ ကျပ်အထိ စျေးရှိနေပါတယ်။ခရမ်းချဥ်သီးကတော့ ကုန်စိမ်းစျေးကွက်မှာ စျေးနှုန်း ဆက်တိုက်မြင့်တက်နေဆဲ ဖြစ်ပါတယ်။ ပြည်မက ခရမ်းချဥ်သီးတွေ စျေးကွက်ထဲ လှိုင်လှိုင် ဝင်ရောက်မှု မရှိသေးတဲ့အပြင် ရှမ်းတောင်မှာလည်း ခရမ်းချဥ်သီး အထွက်နှုန်းနည်းနေတာ ကြောင့် စျေးဆက်တိုက် တက်နေတာ ဖြစ်ပါတယ်။ လက်ရှိ ခရမ်းချဥ် စျေးကွက်က ဝယ်လိုအားများပြီး ရောင်းလိုအား နည်းနေတဲ့အတွက် စျေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။လက်ရှိ ရှမ်းပြည်နယ် အောင်ပန်းကုန်စည်စျေးကွက်မှာ ခရမ်းချဥ်သီး ဂွတ်သီးတစ်ပိဿာကို ၅,၅၀၀ ကျပ်၊ ခရမ်းချဥ်သီး ရှယ်သီးက တစ်ပိဿာကို ၄,၅၀၀ ကျပ်နဲ့ ခရမ်းချဥ်သီးအသေး တစ်ပိဿာ ၄,၀၀၀ ကျပ်ရှိပါတယ်။

news-view-count-icon

8