မြန်မာပြည်တွင်းတွင် အိန္ဒိယအစိုးရ၏ လွတ်လပ်စွာတင်သွင်းခွင့် ၅နှစ် (၂၀၂၆-၂၇ဘဏ္ဍာနှစ် မှ ၂၀၃၀-၃၁ဘဏ္ဍာနှစ် အထိ) စီမံကိန်းတွင် ပါ၀င်သော ပဲစင်းငုံ(နီ)က ပြည်တွင်းဈေးသိသိသာသာ မြင့်တက်လာသည်။ ယခုရက် သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၁၀၀,၀၀၀ကျော် မြင့်တက်လာသည်။သို့သော် ပြည်ပရောင်းချနေသည့် ပဲစင်းငုံ Free On Board (ပြည်ပတင်ပို့ဈေး) ငြိမ်နေသည်။ပြည်ပရောင်းချသည့် ပဲစင်းငုံ FOBဈေးက တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၆၀/၆၇၀ဖြင့်ဈေးငြိမ်နေတာ ဖြစ်ပါသည်။ပဲစင်းငုံသည် အိန္ဒိယနိုင်ငံ၏ အဓိကစားသောက်ကုန်တစ်မျိုးဖြစ်သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း လက်လီ ဆိုင်များစုတွင် ရောင်းချနေသဖြင့် ပြည်တွင်းစားသုံး မှုများလာသည့် ပဲအမျိုးအစားဖြစ်သည်။အိန္ဒိယနိုင်ငံသည် ပဲစင်းငုံကို ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုမလုံလောက်သဖြင့် နှစ်စဉ်မြန်မာအပါအ၀င် မိုဇမ်ဘစ်နိုင်ငံ ၊ မာလာဝီနိုင်ငံ စသော အာဖရိက နိုင်ငံများမှလည်း၀ယ်ယူတင်သွင်းနေရသည်။
Dec 16 • 2:23 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


