ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အတွင်းရှိကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှု ခြင်းဖြင့် အသိပညာဗဟု သုတများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲကိုနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က တုံးတင်ဂံ(တောင်)ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ် ခဲ့သည်။အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြော ပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေးမလုပ်သမားပပျောက်ရေးအသိ ပညာပေးဆိုင်ရာ နံရံကပ်စာစောင်များကိုကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာ ခဲ့ကြသည်။
ရန်ကုန်တိုင်း၊ဒလမြို့ရှိ စာသင်ကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် စာကြည့်တိုက် ဟောပြောပွဲများ ကျင်းပခဲ့
Dec 16 • 2:23 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 8 | 0 | 0 | 0 |


