back

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော်အထိမ်းအမှတ် “တိုင်းရင်းသားကရင်မောင်နှမ” ကွင်းထိန်းရုပ်တု ဖွင့်ပွဲအခမ်းအနား ကျင်းပ

Dec 16 • 2:30 AM

breaking-news

မြန်မာ

ကရင်

breaking-news
cover

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော်အထိမ်းအမှတ် “တိုင်းရင်းသားကရင်မောင်နှမ” ကွင်းထိန်းရုပ်တု ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဒီဇင်ဘာ ၁၉ ရက်တွင် ကျရောက်မည့် (၃၄) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော်အထိမ်းအမှတ် “တိုင်းရင်းသားကရင်မောင်နှမ” ကွင်းထိန်းရုပ်တုဖွင့်ပွဲအခမ်းအနားကို ကရ...

ဒီဇင်ဘာ ၁၉ ရက်တွင် ကျရောက်မည့် (၃၄) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော်အထိမ်းအမှတ် “တိုင်းရင်းသားကရင်မောင်နှမ” ကွင်းထိန်းရုပ်တုဖွင့်ပွဲအခမ်းအနားကို ကရင်ပြည်နယ် ဘားအံမြို့နယ် တောင်ကလေးကျေးရွာရှိ ကရင်နှစ်သစ်ကူးကွင်း၌ ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။“တိုင်းရင်းသားကရင်မောင်နှမ ကွင်းထိန်းရုပ်တု” အား နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၁၄ ရက်အထိ ၂၂ ရက်ကြာဖန်တီးပြုလုပ်ခဲ့ရကြောင်းနှင့် ရုပ်တုပြီးမြောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြ တောင်ကလေးကျေးရွာ ဒေသခံတစ်ဦးစီအား ကျေးဇူးတင်ရှိပါကြောင်း “တိုင်းရင်းသားကရင်မောင်နှမ ကွင်းထိန်းရုပ်တု” ဖြစ်မြောက်ရေး ဒုအဖွဲ့ခေါင်းဆောင်ဖြစ်သူ ကပြောကြားခဲ့ပါသည်။

news-view-count-icon

12