ကယန်းမျိုးဆက်သစ်လူငယ်(KNGY)ကနေ ဦးဆောင်ဖွင့်လှစ်ထားသည့် မိခင်ဘာသာစကားအခြေပြု၊ ဘာသာစကားအစုံသုံးပညာရေး- MTB/MLE ကျောင်းနှစ်ကျောင်းက ကျောင်းသူ၊သားများနှင့် ကျောင်းသားမိဘများ နှီးနှောဖလှယ်တွေ့ဆုံသည့် အစီအစဉ်တစ်ရပ်ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့ကနေ ၁၂ ရက်နေထိ ကယန်းဒေသတစ်နေရာတွင် ၂ ရက်တာ ပြုလုပ်သွားခဲ့ပါသည်။၎င်းတွေ့ဆုံပွဲကို လက်တွေ့သင်ကြားနေသော MTB/MLE ကျောင်းနှစ်ကျောင်း၏ သင်ကြားသင်ယူမှုအခြေအနေကို အပြန်လှန်သင်ယူမှု ဖန်တီးနိုင်ရန်နှင့် ကျောင်းသားမိဘများ၊ ကျောင်းကော်မတီများ ရင်းနှီးမှုပိုမိုရှိလာစေရန် ရည်ရွယ်ပြီး ပြုရခြင်းဖြစ်သည်။တွေ့ဆုံပွဲသို့ MTB/MLE ကျောင်းနှစ်ကျောင်းက ကျောင်းသူ/သားများ၊ ကျောင်းသားမိဘများ၊ ကျောင်းကော်မတီများနှင့် ရုံးဝန်ထမ်းများအပါအဝင် စုစုပေါင်း လူဦးရေ ၁၄၀ ကျော် တက်ရောက်ခဲ့ကြပါသည်။
ကယားပြည်နယ်တွင် ဘာသာစကားစုံသင်ကြားသည့် MTB/MLE ကျောင်းနှစ်ကျောင်းက ကျောင်းသူ/သားများနှင့် ကျောင်းကော်မတီများ နှီးနှောဖလှယ်တွေ့ဆုံမှု ပြုလုပ်
Dec 16 • 2:21 AM
မြန်မာ
ကယား
မျှဝေမည်
| 17 | 0 | 0 | 0 |


