သာကေတမြို့နယ် ရှုခင်းသာရပ်ကွက် ( ဝိုင်ဘီအက်စ် ၈၄ ဂိတ်အနီး) အောင်သုခပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တ ဝါသဝ သက်တော် ၆၀ ပြည့် ဝိဇာတမင်္ဂလာနှင့် ပုနောပသမ္ပဒါ သိက္ခာထပ်မင်္ဂလာကို ဒီဇင်ဘာ ၁၄ ရက် နံနက် ၉ နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါ ဝိဇာတပူဇာတွင် အောင်သုခဆရာတော် ဘဒ္ဒန္တ ဝါသဝက ဇီဝိတဒါနအဖြစ် ငှက်များလွှတ်ခဲ့ပြီး တေးသံရှင် ကောင်းမြင့်အောင် စီစဥ်သော နှလုံးသားသံစဥ် တေးဂီတအဖွဲ့က ရှစ်ဆယ်ပေါ်တေးထပ်များ၊ ဓမ္မပူဇာတေးသီချင်းများဖြင့် ဂုဏ်ပြုသီကျူးပူဇော်သီဆိုခဲ့ကြသည်။ ထို့ပြင် ဒီဇင်ဘာ ၁၃ ရက်နေ့၌ကလည်း မြန်မာ့ရိုးရာ ခြင်းပညာရှင်များကခြင်းအလှခတ်ခြင်းဖြင့် ဂုဏ်ပြုပူဇော်ခဲ့ကြသည်။



