back

အိပ်ရေးဝအောင် အိပ်စက်တာဟာ အသက်ရှည်စေပြီး နှလုံးရောဂါ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်

Dec 16 • 2:14 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
breaking-news
cover

အိပ်ရေးဝအောင် အိပ်စက်တာဟာ အသက်ရှည်စေပြီး နှလုံးရောဂါ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်

အသက်ရှည်ကျန်းမာဖို့ Diet (အစားအသောက်ထိန်းတာ) နဲ့ လေ့ကျင့်ခန်း လုပ်တာနဲ့တင် မပြီးပြည့်စုံပါဘူးဆရာဝန်တွေက "ညတိုင်း အိပ်ရေးဝဝ အိပ်တာ" က အသက်ရှည်ကျန်းမာဖို့ အဓိကသော...

အသက်ရှည်ကျန်းမာဖို့ Diet (အစားအသောက်ထိန်းတာ) နဲ့ လေ့ကျင့်ခန်း လုပ်တာနဲ့တင် မပြီးပြည့်စုံပါဘူးဆရာဝန်တွေက "ညတိုင်း အိပ်ရေးဝဝ အိပ်တာ" က အသက်ရှည်ကျန်းမာဖို့ အဓိကသော့ချက် ဖြစ်တယ်လို့ ပြောကြားလာပါတယ်။ ဒါက နှလုံးရောဂါ၊ ဆီးချိုနဲ့ ဦးနှောက်စွမ်းရည် ကျဆင်းတာ (Dementia) ဖြစ်နိုင်ချေတွေကို လျှော့ချပေးနိုင်ပါတယ်။အိန္ဒိယနိုင်ငံ Hyderabad မြို့ Apollo ဆေးရုံက အကြီးတန်း အာရုံကြောအထူးကု Dr. Sudhir Kumar က "နာတာရှည် အိပ်ရေးပျက်တာ" ဟာ ကျန်းမာရေးအတွက် အရမ်းအန္တရာယ်များပြီး ပုံမှန် လေ့ကျင့်ခန်းလုပ်တာကနေ ရရှိလာမယ့် အကျိုးကျေးဇူးတွေကိုတောင် အရာမထင် ဖြစ်သွားစေနိုင်တယ်လို့ အလေးထား ပြောကြားထားပါတယ်။မကြာသေးမီက SLEEP Advances ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာဆန်းစစ်ချက်အသစ်တစ်ခုက အသက်ရှည်ဖို့အတွက် အိပ်စက်ခြင်းရဲ့ အရေးပါပုံကို မီးမောင်းထိုးပြထားပါတယ်။ သုတေသီတွေက အမေရိကန်နိုင်ငံမှာရှိတဲ့ လူတွေရဲ့ အိပ်စက်မှုပုံစံနဲ့ သက်တမ်းကို အကဲဖြတ်ခဲ့ပြီး အစားအသောက်၊ လေ့ကျင့်ခန်း၊ ဝင်ငွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီမှု စတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားခဲ့ကြပါတယ်။ ရလဒ်တွေအရ "တစ်ညကို ၇ နာရီအောက် အိပ်သူတွေဟာ ၇ နာရီကနေ ၉ နာရီအထိ အိပ်သူတွေထက် သက်တမ်းပိုတိုတာ" ကို တွေ့ရှိခဲ့ရပါတယ်။"အိပ်ရေးမဝတာ" က သွေးဖိအား တက်စေနိုင်သလို ခန္ဓာကိုယ်ရောင်ရမ်းမှု (Inflammation) ဖြစ်စေပြီး ကိုလက်စထရော (Cholesterol) ပမာဏကိုလည်း မြင့်တက်စေပါတယ်။ ဒါကြောင့် နှလုံးရောဂါနဲ့ လေဖြတ်နိုင်ချေကို ပိုများစေပါတယ်။ဒါ့အပြင် လုံလောက်တဲ့ အနားယူမှုဟာ ဇီဝကမ္မဖြစ်စဉ် (Metabolism) ပြန်လည်ကောင်းမွန်ဖို့ အခြေခံအုတ်မြစ်ဖြစ်ပြီး အင်ဆူလင် (Insulin) ဓာတ် မတိုးတဲ့ပြဿနာကို ကာကွယ်ပေးတာကြောင့် အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်အိပ်စက်ခြင်းဟာ ဦးနှောက်၊ မှတ်ဉာဏ်၊ ဦးနှောက်လုပ်ဆောင်ချက်နဲ့ စိတ်ခံစားမှု ထိန်းချုပ်နိုင်စွမ်းတွေအတွက်လည်း အရေးပါပါတယ်။ အိပ်ချိန်နည်းတာ ဒါမှမဟုတ် အိပ်ရေးမဝတာတွေက ဦးနှောက်နဲ့ မှတ်ဉာဏ်ကို ထိခိုက်စေတယ်လို့ Dr. Kumar က ထောက်ပြထားပါတယ်။ အိပ်စက်မှု အရည်အသွေး မကောင်းတာက ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းတာနဲ့ ဆက်စပ်နေပြီး Alzheimer ရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေနဲ့လည်း သက်ဆိုင်နိုင်ပါတယ်။




news-view-count-icon

12