မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ် ကျင်းသွား ကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့ကို ဆက်သွယ် ထားသည့် ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားမှာ ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီး ခံခဲ့ရပါတယ်။အဆိုပါ ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားမှာ တံတားအရှည် ပေ ၈၀၊ အကျယ် ၁၅ ပေရှိ တံတားတစ်စင်းဖြစ်ပြီး မိုင်းခွဲဖျက်ဆီးခံရသဖြင့် တံတားအောက်ခြေတိုင်များ ပြိုကျပျက်စီး ခဲ့ကြောင်း သိရသည်။လက်ရှိတွင် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ ပျက်စီးခဲ့သည့်တံတားအား ပုံမှန် အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများက ပြုပြင်ဆောင်ရွက်လျက်ရှိပါတယ်။



