ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် မယ်စုံ၊ တောင်စလုံး၊ မြောက်စလုံးဘက်ကနေ လတိန်ကျေးရွာဘက်ကိုထွက်ပြေးတိမ်းရှောင်လာကြရတဲ့ နေရပ်စွန့်ခွာ ဒုက္ခသည် ၂,၀၀၀ ကျော်အတွက် ကယန်းပြည်သစ်ပါတီ၊ ပါတီ၀င်လူငယ်ဌာန (KNLPy) ကနေဦးဆောင်ပြီး မနေ့ ဒီဇင်ဘာလ ၁၄ရက်နေ့မှာ ဆန်အိတ်ပေါင်း ၁၈၈ အိတ်နဲ့ အ၀တ်အထည်များသွားရောက်လှူဒါန်းခဲ့ပါတယ်။ အဲဒီသွားရောက်လှူဒါန်းအစီအစဥ်မှာ ကယန်းပြည်သစ်ပါတီဝင်လူငယ်ဌာနမှဖွင့်လှစ်ထားတဲ့ Youth Empowerment training Course ( YETC ) မှ ကျောင်းသူ၊ ကျောင်းသားတွေလည်းပူးပေါင်းပါ၀င်ခဲ့တာဖြစ်ပြီး လတိန်ကျေးရွာအတွင်းနှင့် လတိန်ကျေးရွာအနီး ပဋိပက္ခများရှောင်နေကြရတဲ့စခန်းနှစ်ခုကိုလည်း သွားရောက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။



