back

မကွေးမြို့နယ်တွင် "ရွှေတင့်ထူး" စိုက်ပျိုးမွေးမြူရေးဇုန် ပထမအဆင့် (၁၅၁) ဧကကျော် ဖော်ထုတ်ပြီးစီး၊ စုစုပေါင်း (၃၅၈) ဧကကျော်အထိ တိုးချဲ့မည်

Dec 16 • 1:25 AM

breaking-news

မြန်မာ

မကွေး

breaking-news
cover

မကွေးမြို့နယ်တွင် "ရွှေတင့်ထူး" စိုက်ပျိုးမွေးမြူရေးဇုန် ပထမအဆင့် (၁၅၁) ဧကကျော် ဖော်ထုတ်ပြီးစီး၊ စုစုပေါင်း (၃၅၈) ဧကကျော်အထိ တိုးချဲ့မည်

မကွေးတိုင်း၊ မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာအုပ်စုရှိ (၁၀) နှစ်ကျော် သီးနှံမစိုက်ဘဲရှိနေသော မြေလွတ်မြေရိုင်းများတွင် "ရွှေတင့်ထူး" စိုက်ပျိုးမွေးမြူရေးဇုန်ကို ဖ...

မကွေးတိုင်း၊ မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာအုပ်စုရှိ (၁၀) နှစ်ကျော် သီးနှံမစိုက်ဘဲရှိနေသော မြေလွတ်မြေရိုင်းများတွင် "ရွှေတင့်ထူး" စိုက်ပျိုးမွေးမြူရေးဇုန်ကို ဖော်ထုတ်လျက်ရှိရာ ပထမအဆင့်အဖြစ် (၁၅၁ ဒသမ ၅၈) ဧက ဖော်ထုတ်ပြီးစီးခဲ့ပြီး၊ (၂၀၆ ဒသမ ၆၂) ဧကကို ဆက်လက်ဖော်ထုတ်နေသဖြင့် စုစုပေါင်း (၃၅၈ ဒသမ ၂၀) ဧကအထိ ဖော်ထုတ်သွားမည်ဖြစ်သည်။ ဤဇုန်သည် စက်စွမ်းအားပြည့် အသုံးပြုနိုင်သော၊ ရေသွင်းရေနုတ်စနစ် ကောင်းမွန်သော လယ်ယာမြေဖြစ်သည့်အတွက် ကုန်ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ခြင်း၊ သီးနှံအထွက်တိုးကာ အမြတ်အစွန်းပိုမိုရရှိစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည်။ ထို့ပြင် ရှားပင်လှကျေးရွာအုပ်စုရှိ သမဝါယမအသင်းပိုင်မြေတွင်လည်း ဥစားကြက်မွေးမြူရေးဇုန်ကို အကောင်အထည်ဖော်ကာ လက်ရှိတွင် ကြက်ကောင်ရေ ၃,၀၀၀ ဆံ့ ခြံ ၄ ခြံ မွေးမြူထားပြီး၊ ကြက်ကောင်ရေ ၉၁,၀၀၀ ဆံ့ ခြံ ၂၇ ခြံ ထပ်မံတိုးချဲ့သွားမည်ဖြစ်ရာ မကွေးတိုင်းအတွင်း ကြက်ဥဖူလုံမှုအား ၄၈ ဒသမ ၉၁ ရာခိုင်နှုန်းအထိ တိုးတက်စေမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

11