back

ပဲခူးတိုင်း (အရှေ့) တွင် ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်မွမ်းမံသင်တန်း စတင်ဖွင့်လှစ်

Dec 16 • 1:27 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးတိုင်း (အရှေ့) တွင် ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်မွမ်းမံသင်တန်း စတင်ဖွင့်လှစ်

ပဲခူးတိုင်း (အရှေ့) ဒေသကြီးရှိ မြို့နယ် (၁၄) ခုမှ ဆရာတော်/သံဃာတော် (၂၀၀) ပါးကျော် တက်ရောက်မည့် ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်မွမ်းမံသင်တန်းကို ယနေ့ ဒီ...

ပဲခူးတိုင်း (အရှေ့) ဒေသကြီးရှိ မြို့နယ် (၁၄) ခုမှ ဆရာတော်/သံဃာတော် (၂၀၀) ပါးကျော် တက်ရောက်မည့် ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်မွမ်းမံသင်တန်းကို ယနေ့ ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဤသင်တန်းကို သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးနှင့် ဝိနည်းဓမ္မကံ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာများတွင် ပိုမိုကျွမ်းကျင်ပိုင်နိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီး ကြွရောက်တော်မူခဲ့ပြီး၊ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက သင်တန်းဖွင့်လှစ်ခြင်းအား တက်ရောက်ကြည်ညိုကာ စာအုပ်များနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

news-view-count-icon

8