back

၂၀၂၈ အိုလံပစ်နှင့် တိုက်ဆိုင်မှုကြောင့် The Open Championship ဂေါက်ဖ်ပြိုင်ပွဲကို ဩဂုတ်လသို့ ရွှေ့ဆိုင်းကျင်းပမည်

Dec 16 • 1:24 AM

breaking-news

မြန်မာ

ပြည်ပ

cover

၂၀၂၈ အိုလံပစ်နှင့် တိုက်ဆိုင်မှုကြောင့် The Open Championship ဂေါက်ဖ်ပြိုင်ပွဲကို ဩဂုတ်လသို့ ရွှေ့ဆိုင်းကျင်းပမည်

သက်တမ်းအရင့်ဆုံး ဂေါက်ဖ် မေဂျာပြိုင်ပွဲ (၄) ခုအနက် တစ်ခုဖြစ်သည့် ၂၀၂၈ The Open Championship ကို ၂၀၂၈ လော့စ်အန်ဂျလိစ် အိုလံပစ်ပြိုင်ပွဲ၏ ဂေါက်ဖ်ပြိုင်ပွဲကျင်းပချ...

သက်တမ်းအရင့်ဆုံး ဂေါက်ဖ် မေဂျာပြိုင်ပွဲ (၄) ခုအနက် တစ်ခုဖြစ်သည့် ၂၀၂၈ The Open Championship ကို ၂၀၂၈ လော့စ်အန်ဂျလိစ် အိုလံပစ်ပြိုင်ပွဲ၏ ဂေါက်ဖ်ပြိုင်ပွဲကျင်းပချိန်နှင့် တိုက်ဆိုင်မှုမရှိစေရန်အတွက် ပုံမှန်ကျင်းပနေကျ ဇူလိုင်လလယ်မှ ဩဂုတ်လသို့ ရွှေ့ဆိုင်းကျင်းပမည်ဟု သတင်းထုတ်ပြန်သည်။ အိုလံပစ် ဂေါက်ဖ်ပြိုင်ပွဲကို ဇူလိုင် ၁၉ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ရာ ၂၀၂၈ The Open အမျိုးသားပွဲစဉ်များကို ဩဂုတ်လ ၁၀ ရက်မှ ၁၃ ရက်အထိ၊ အမျိုးသမီးပွဲစဉ်များကို ဩဂုတ်လ ၁၇ ရက်မှ ၂၀ ရက်အထိ ပြောင်းလဲကျင်းပရန် စီစဉ်လိုက်ခြင်းဖြစ်သည်။ သို့သော် ၂၀၂၉ ခုနှစ်တွင်မူ ပုံမှန်အတိုင်း ဇူလိုင်လလယ်၌ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

news-view-count-icon

10