back

တတိယအကြိမ်မြောက် တက္ကသိုလ်များအဆင့် မြန်မာဘာသာစကား ဗီဒီယိုအတိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပ

Dec 16 • 1:23 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တတိယအကြိမ်မြောက် တက္ကသိုလ်များအဆင့် မြန်မာဘာသာစကား ဗီဒီယိုအတိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပ

တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC) နိုင်ငံတကာပိုက်လိုင်းကုမ္ပဏီနှင့် ယူနန်တက္ကသိုလ်၊ မြန်မာနိုင်ငံဆိုင်ရာ သုတေသနဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် "တတိယအကြိ...

တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC) နိုင်ငံတကာပိုက်လိုင်းကုမ္ပဏီနှင့် ယူနန်တက္ကသိုလ်၊ မြန်မာနိုင်ငံဆိုင်ရာ သုတေသနဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် "တတိယအကြိမ်မြောက် တက္ကသိုလ်များအဆင့် မြန်မာဘာသာစကား ဗီဒီယိုအတိုပြိုင်ပွဲ" ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက်တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပခဲ့သည်။ “၇၅ နှစ်မြောက် မေတ္တာ၊ မဟာမိတ်နှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး၊ လူငယ်ချင်း ပေါင်းစပ်ကာ ခေတ်သစ်ကို ဖန်တီးကြ" ခေါင်းစဉ်ဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလလယ်က စတင်ကျင်းပခဲ့သော ဤပြိုင်ပွဲတွင် တက္ကသိုလ် ၂၃ ခုမှ ကျောင်းသား၊ ကျောင်းသူများ စိတ်အားထက်သန်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲစည်းကမ်းများအတိုင်း ပညာရှင်အကဲဖြတ်အဖွဲ့က ပထမဆု (၄) ဆု၊ ဒုတိယဆု (၁၀) ဆု၊ တတိယဆု (၁၅) ဆုနှင့် ထူးချွန်ဆု (၃၀) ဆုတို့ကို ရွေးချယ်ချီးမြှင့်ခဲ့သည်။

news-view-count-icon

8