ဘီးလင်းမြို့နယ်၊ ဝင်းမောင်းကျေးရွာအရှေ့ဘက်ရှိ ဘီးလင်းမြစ်အတွင်း နှစ်ရှည်ကြာလုပ်ကိုင်နေသည့် တရားမဝင် ရွှေတူးဖော်မှုလုပ်ငန်းကြောင့် မြစ်ချောင်းမှ ရေများပျက်စီးလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။ထို့ကြောင့် မြစ်တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများအတွက် သောက်ရေ၊ သုံးရေနှင့် စိုက်ပျိုးရေများ ရရှိရန် ခက်ခဲလာသည်ဟု ဆိုသည်။ထို့ပြင် ရေဆုံးရှုံးနေသောကြောင့် လယ်ယာလုပ်ငန်းလည်း မလုပ်ကိုင်နိုင်ဘဲ ရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။



