menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2025 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

မူဆယ်မှာ လစာကောင်းရမယ်ဆိုပြီး ပြည့်တန်ဆာရုံသို့ လိမ်လည်ပို့ဆောင်ခံရတဲ့ထဲ ၁၄နှစ်အရွယ် အမျိုးသမီးငယ်လည်း ပါဝင်နေ

Dec 15 • 2:04 PM

breaking-news

မြန်မာ

ရှမ်း

မျှဝေမည်

share-news
cover

မူဆယ်မှာ လစာကောင်းရမယ်ဆိုပြီး ပြည့်တန်ဆာရုံသို့ လိမ်လည်ပို့ဆောင်ခံရတဲ့ထဲ ၁၄နှစ်အရွယ် အမျိုးသမီးငယ်လည်း ပါဝင်နေ

မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲရှိ ကျေးရွာတစ်ရွာက အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၂ ဦးနဲ့ ၁၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးကို မူဆယ်က ပွဲစားတွေက လစာကောင်းရမယ်ဆိုပြီး ပ...

cover-photo

မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲရှိ ကျေးရွာတစ်ရွာက အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၂ ဦးနဲ့ ၁၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးကို မူဆယ်က ပွဲစားတွေက လစာကောင်းရမယ်ဆိုပြီး ပြည့်တန်ဆာရုံသို့ လိမ်လည်ပို့ဆောင်ခဲ့တာလို့ လိမ်လည်ခံရသူ ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်။အဲဒီအမျိုးသမီးငယ် ၃ ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းလောက်မှာ မူဆယ်မြို့ သိန်းသန်းချီကားကြီးဝန်း ပထမအဝင် လမ်းမကြီးပေါ်ရှိ ပုဂ္ဂလိကအထက်တန်းကျောင်းရှေ့မှာ (1256) နာမည်နဲ့ မူ ဖွင့်လှစ်ထားတဲ့ ပြည်တန်ဆာရုံသို့ ပို့ဆောင်ခံရတာဖြစ်ပါတယ်။ထွက်ပြေးလို့မရအောင် အဆိုပါ အမျိုးသမီးငယ် ၃ ဦးရဲ့ မှတ်ပုံတင်တွေလည်း ပွဲစားက သိမ်းဆည်းထားပြီး တခြားနေရာသို့ အကူအညီယူ မတိုင်တန်းနိုင်အောင်လည်း သူတို့ကို ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။‎မူဆယ်မှာ နယ်ထိန်းတွေရဲ့ စာရင်းတွေအရ ဆင်ဖြူဈေးအတွင်းမှာ ပြည်တန်ဆာရုံ (၁၈) ရုံ၊ စွမ်စော် (၁၆) ရုံ၊ ကားလေးဝန်း (၁၃) ရုံ၊ ကားကြီးဝန်းအတွင်းနဲ့ အနောက်ခြမ်းမှာ နမ့်ခမ်းမြို့မပြည်သူ့စစ်က တာဝန်ခံပြီး ဖွင့်ထားတဲ့ ရုံ (၁၇) ရုံ၊ ကောင်းမှုတုန် (၅) ရုံ၊ တောင်ရပ်ကွက် (၁) ရုံ၊ ဟိုမွန် (၃၁) ရုံ၊ ခရစ္စယာန်ရပ်ကွက်တွင် (၄) ရုံ၊ မင်္ဂလာမူဆယ်မှာ (၃) ရုံ ရှိပါတယ်။အခုလို မူဆယ်မြို့တွင်းမှာ ပြည်တန်ဆာရုံတွေ မြောက်များစွာရှိနေပေမယ့် ရဲစခန်းမှူးနဲ့ အဖွဲ့က အရေးယူ ဖမ်းဆီခြင်းမရှိဘဲ ရုံအသေးကို (၂၅)သိန်း၊ ရုံကြီးကို (၄၅) သိန်း လိုင်းကြေးကောက်ခံပြီး ခွင့်ပြုပေးနေတာလို့ သိရှိရပါသည်။



news-view-count-icon

15

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် ဆီဖြည့်နေသည့် CANTER ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

ဘီးလင်းမြို့နယ်အတွင်း တရားမဝင် ရွှေတူးဖော်မှုများကြောင့် ဒေသခံများ ရေအခက်အခဲရှိလာ

cover-photo
right-arrow-icon