တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကမြောကင်းလမ်း ကဘူကျေးရွာ ပွင့်သစ်ရေသန့် စက်ရုံအနီး တွင် ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီကျော်အချိန်တွင် ဆီဘောက်ဆာယာဉ်မှ CANTER ယာဉ်ထဲသို့ ဆီဖြည့်နေစဉ် CANTER ယာဉ်မှ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။မီးလောင်ခဲ့တဲ့ CANTER ယာဉ်မှာ ယာဉ်တစ်စီးလုံး မီးလောင်ပျက်စီးသွားခဲ့ပြီး မီးလောင်မှုဖြစ်ပွား ချိန်တွင် ဆီဖြည့်ပေးနေတဲ့ ဘောက်ဆာကားမှာ မောင်းထွက်နိုင်ခဲ့တဲ့အတွက် ထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။



