back

၂၀၂၅ ခုနှစ်အတွက် အကယ်ဒမီဆု စိစစ်ရေး လုပ်ငန်းများ စတင်၊ ရုပ်ရှင်ကား ၇၀ ကျော်ကို အကဲဖြတ်ကြည့်ရှုနေ

Dec 15 • 2:02 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

၂၀၂၅ ခုနှစ်အတွက် အကယ်ဒမီဆု စိစစ်ရေး လုပ်ငန်းများ စတင်၊ ရုပ်ရှင်ကား ၇၀ ကျော်ကို အကဲဖြတ်ကြည့်ရှုနေ

၂၀၂၅ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီဆု) များ ချီးမြှင့်နိုင်ရန် စိစစ်ကြည့်ရှုအကဲဖြတ်ခြင်းလုပ်ငန်းများကိ...

၂၀၂၅ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီဆု) များ ချီးမြှင့်နိုင်ရန် စိစစ်ကြည့်ရှုအကဲဖြတ်ခြင်းလုပ်ငန်းများကို စတင်နေပြီဖြစ်ကြောင်း သိရပါတယ်။အကဲဖြတ်အဖွဲ့အနေနဲ့ စုစုပေါင်း ရုပ်ရှင်ဇာတ်ကား ၇၀ ကျော်ကို တစ်ရက်လျှင် ဇာတ်ကား ၂ ကားမှ ၃ ကားအထိ ပြီးစီးအောင် ကြည့်ရှုအကဲဖြတ်ရန် ရည်ရွယ်ထားပြီး ပထမအဆင့် ကြည့်ရှုအကဲဖြတ်ခြင်းလုပ်ငန်းများကို ဇန်နဝါရီလ အတွင်း ပြီးစီးနိုင်ရန် မျှော်မှန်းထားတယ်လို့ သိရပါတယ်။ ဒုတိယအဆင့် အကဲဖြတ်မှုများကို အကယ်ဒမီပွဲတော်မကျင်းပမီ သတ်မှတ်အချိန်မီ ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားရမယ်လို့ လည်း သိရပါတယ်။



news-view-count-icon

7